ပွင့်လင်းရာသီလဲ ရောက်လာပြီဆိုတော့ မကြာခင်လုပ်ငန်းခွင်ဝင်မဲ့ Customers များအတွက်

ရွှေလုပ်ငန်းရှင်များ အကြိုက် လမ်းတံတား ဆောက်လုပ်ရေး လုပ်ငန်းရှင်များအကြိုက် စွယ်စုံသုံး Excavator LiuGong 922E

LG စက်များ၏ ဒီဇိုင်းပညာရှင် Executive Director Mr.Gary Major က "LG စက်များ၏ဒီဇိုင်းများပြုလုပ်ရာတွင် အဓိကတန်ဖိုးထားမူများစွာရှိပြီး ၎င်းထဲမှ အဓိကတန်ဖိုးတစ်ခုသည် မောင်းနှင်သူ operatorကို ပထမဦးစားပေးဖြစ်သည်။ စက်၏လူပ်ရှားမူများသည် operator ၏စွမ်းအားကြီးမား‌ေသာ ထပ်တိုးလူပ်ရှားမူဖြစ်ပြီး စက်ပတ်၀န်းကျင်ရှိ အရာများကို စိတ်ကြိုက်ပုံဖော်နိုင်ကြောင်း" ပြောကြားခဲ့ပါတယ်။

တန်ဖိုးကြီးမားလှသော စက်ယန္တရားများစွာထဲတွင် အသုံးပြုရလွယ်တယ် အလွယ်တကူထိမ်းသိမ်းပြုပြင်နိုင်တယ် ပိုင်ဆိုင်နိုင်ဖို့လွယ်ကူတယ် ဆီစားနူန်းသက်သာပြီး အလုပ်ပြီးမြောက်နူန်းမြန်ဆန်တယ် စသောအချက်များနှင့်ပြည့်စုံသော Liugong 922E excavator များ၏တည်‌ဆောက်ပုံ အချက်အလက်များကို မိတ်ဆက်ပေးလိုက်ပါတယ်။

  • operator တစ်ယောက်အတွက် စက်အားအလွယ်တကူ ထိန်းချုပ်နိုင်သော ခလုတ်များကွန်ထရိုးများထားရှိမူအနေအထား သက်တောင့်သက်သာရှိပြီး မြင်ကွင်းရှင်းလင်းမှု ရာသီဥတုဒဏ် မခံရသည့် အဲယားကွန်းပါ၀င်သည့် ROPS စက်မောင်းခန်း၊
  • အလုပ်ပြီးမြောက်မူမြန်ဆန်ရန် ဘက်ကက်၏ မြေကြီးတူးနိုင်စွမ်း breakout force သည် စက်မူလုပ်ငန်းသုံး စံသတ်မှတ်ချက်ထက် 4.7%သာလွန် ကောင်းမွန်သည်။
    (breakout force ကောင်းစေရန် hydraulic cylinder, system pressure, linkage နှင့် relief valve များကို အရည်အသွေးမြင့်မားစွာ ပြုလုပ်ထားရပါသည်။)
  • မြေကြီးတူးနိုင်မှုပိုမိုကောင်းမွန်၍ စက်တည်ငြိမ်စေရန် ဘွန်း၏အနေအထားသည် စက်မောင်းခန်းဘေး 2.76m ရှိသည့် အပေါ်ပိုင်းကိုယ်ထည်၏အလယ်ဗဟို၌ တောင့်တင်းခိုင်မာစွာ တည်ရှိသည်။
  • အော်တိုစက်စွမ်းအားမြင့် power boost function သည် စက်၏ performance ကောင်းမွန်စေရန် operator လိုအပ်ပါက hydraulic စွမ်းအားကို 8.7%အထိတိုးမြင့်ပေးနိုင်သည်။
  • Boom intelligent hydraulic system တွင် regeneration valve နှင့် flow confluence ပါ၀င်ပြီး ၎င်းသည် ပိုမိုအလုပ်လုပ်ရသည့် hydraulic အစိတ်အပိုင်းများသို့ ဆီဦးစားပေးပို့သည့်စနစ်ဖြင့် work cycle ပိုမိုမြန်ဆန်စေသည်။
  • 922E တွင် ကမ္ဘာ့အဆင့်မှီ world class component ဖြစ်သည့် Cummins QSB6.7 electronic engine ကိုအသုံးပြုထားပြီး High ouput torque ရပြီး အသံဆူညံမူလျော့နည်းသည်။
  • နာရီအလိုက်စက်ပြုပြင်ထိန်းသိမ်းမူ ပြုလုပ်နိုင်ရန် ဖစ်တာများ စက်အတွင်းအစိတ်အပိုင်းများကို အလွယ်တကူ ကြည့်ရူစစ်ဆေး လဲလှယ်နိုင်ရန် ဒီဇိုင်းပြုလုပ်ထားသည်။
  • စက်မူလုပ်ငန်းသုံးစံသတ်မှတ်ချက်ထက် 14%သာလွန် သော အမြင့်ဆုံးမနိုင်စွမ်းအားပါ၀င်မူကြောင့် ဘက်ကက်မှ ၀န်သယ်နိုင်စွမ်းများပြီး အလုပ်အမြန်ပြီးမြောက်စေသည်။
    ဖော်ပြပါအချက်များသည် 922E excavator ရဲ့အားသာချက်များစွာထဲမှ ကောက်နုတ်တင်ပြခြင်းသာဖြစ်လို့ လူကြီးမင်းပေးရသောတန်ဖိုးထက် ပိုမိုသာလွန်သောဝန်ဆောင်မှုများ ရရှိနိုင်သော E series excavator များကို AGGC တွင် ၀ယ်ယူရရှိနိုင်ပါပြီ။
liugong 92ee excavator 01
liugong 92ee excavator 02
liugong 92ee excavator 03
 
liugong 92ee excavator 04
liugong 92ee excavator 05
liugong 92ee excavator 06
 
 

Contact Us

No.153, Maung Than Street, Shwe Lin Pan Industrial City, Hlaing Thar Yar Township, Yangon.

(+ 95 9) 78 500000 1,  78 500000 2,
78 500000 3, 78 500000 4,  78 500000 5 
info@aungyigroup.com

Follow Us On