AGGC (Aung Gyi Group of Companies) အနေဖြင့် ISO 9001:2015 (Quality Management System), ISO 45001:2018 (Occupational Health & Safety Management System), ISO 14001:2015 (Environmental Management System) လက်မှတ်များကို ဂုဏ်ယူစွာဖြင့် ရရှိထားပြီးဖြစ်ပါတယ်။

Quality Management System ဆိုတာကတော့ လုပ်ငန်းခွင်အတွင်း စီမံခန့်ခွဲအုပ်ချုပ်မှု ကောင်းမွန်ခြင်းအတွက် ISO မှ အသိအမှတ်ပြု လက်မှတ်ပေးတာဖြစ်ပါတယ်။

Occupational Health & Safety Management System ဆိုတာကတော့ လုပ်ငန်းခွင်အတွင်း ကျန်းမာရေးနဲ့ ဘေးအန္တရာယ်ကင်းရှင်းရေးဆိုင်ရာ စီမံခန့်ခွဲမှုကောင်းမွန်ခြင်းအတွက် ISO မှ အသိအမှတ်ပြုပေးတာဖြစ်ပါတယ်။

Environmental Management System ကတော့ သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ စီမံခန့်ခွဲမှုကောင်းမွန်ခြင်းအတွက် ISO မှအသိအမှတ်ပြု လက်မှတ်ပေးတာဖြစ်ပါတယ်။

AGGC ရဲ့ Group Chairman လမ်းညွှန်မှုနဲ့ အကြိမ်ကြိမ် သင်တန်းပေး၊ စစ်ဆေးပြင်ဆင်ထိန်းကျောင်းရင်း ISO လက်မှတ်တွေကို ဆက်လက်ထိန်းသိမ်း ရယူခဲ့တာ ယနေ့ထိတိုင်အောင်ပဲဖြစ်ပါတယ်.....

ဒီလို ISO လက်မှတ်တွေကို ဆက်လက်ထိန်းသိမ်းနိုင်ဖို့ ISO စံချိန်စံညွှန်းနဲ့အညီ ဆောင်ရွက်ရသလို စစ်ဆေးမှုများကိုလည်း နှစ်စဉ်နှစ်တိုင်း ခံယူကြရပါတယ်။ မကြာသေးမီက စစ်ဆေးသွားတဲ့ ISO External Audit မှာလည်း အဆင်ပြေစွာ အောင်မြင်ခဲ့တဲ့အတွက်ထပ်မံပြီး ဂုဏ်ယူရပါတယ်။

AGGC သည် အရှိန်အဟုန်မပြတ် ဖွံ့ဖြိုးတိုးတက်နေသော ခေတ်နှင့်‌ လျော်ညီသည့် နိုင်ငံတကာအဆင့်မီ စီမံခန့်ခွဲမှုနည်းစနစ်သစ်များကို လိုက်နာကျင့်သုံးလျက်ရှိပြီး လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးကိုလည်း အစဉ်အလေးထား ဆောင်ရွက်လျက်ရှိပါတယ်.....

ဂုဏ်ယူစွာဖြင့်

 

iso 450012018 2023
iso 140012015 2023
iso 90012015 2023

 

Contact Us

No.153, Maung Than Street, Shwe Lin Pan Industrial City, Hlaing Thar Yar Township, Yangon.

(+ 95 9) 78 500000 1,  78 500000 2,
78 500000 3, 78 500000 4,  78 500000 5 
info@aungyigroup.com

Follow Us On