AGGC (Aung Gyi Group of Companies) အနေဖြင့် ISO 9001:2015 (Quality Management System), ISO 45001:2018 (Occupational Health & Safety Management System), ISO 14001:2015 (Environmental Management System) လက်မှတ်များကို ဂုဏ်ယူစွာဖြင့် ရရှိထားပြီးဖြစ်ပါတယ်။

Quality Management System ဆိုတာကတော့ လုပ်ငန်းခွင်အတွင်း စီမံခန့်ခွဲအုပ်ချုပ်မှု ကောင်းမွန်ခြင်းအတွက် ISO မှ အသိအမှတ်ပြု လက်မှတ်ပေးတာဖြစ်ပါတယ်။

Occupational Health & Safety Management System ဆိုတာကတော့ လုပ်ငန်းခွင်အတွင်း ကျန်းမာရေးနဲ့ ဘေးအန္တရာယ်ကင်းရှင်းရေးဆိုင်ရာ စီမံခန့်ခွဲမှုကောင်းမွန်ခြင်းအတွက် ISO မှ အသိအမှတ်ပြုပေးတာဖြစ်ပါတယ်။

Environmental Management System ကတော့ သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ စီမံခန့်ခွဲမှုကောင်းမွန်ခြင်းအတွက် ISO မှအသိအမှတ်ပြု လက်မှတ်ပေးတာဖြစ်ပါတယ်။

AGGC ရဲ့ Group Chairman လမ်းညွှန်မှုနဲ့ အကြိမ်ကြိမ် သင်တန်းပေး၊ စစ်ဆေးပြင်ဆင်ထိန်းကျောင်းရင်း ISO လက်မှတ်တွေကို ဆက်လက်ထိန်းသိမ်း ရယူခဲ့တာ ယနေ့ထိတိုင်အောင်ပဲဖြစ်ပါတယ်.....

ဒီလို ISO လက်မှတ်တွေကို ဆက်လက်ထိန်းသိမ်းနိုင်ဖို့ ISO စံချိန်စံညွှန်းနဲ့အညီ ဆောင်ရွက်ရသလို စစ်ဆေးမှုများကိုလည်း နှစ်စဉ်နှစ်တိုင်း ခံယူကြရပါတယ်။ မကြာသေးမီက စစ်ဆေးသွားတဲ့ ISO External Audit မှာလည်း အဆင်ပြေစွာ အောင်မြင်ခဲ့တဲ့အတွက်ထပ်မံပြီး ဂုဏ်ယူရပါတယ်။

AGGC သည် အရှိန်အဟုန်မပြတ် ဖွံ့ဖြိုးတိုးတက်နေသော ခေတ်နှင့်‌ လျော်ညီသည့် နိုင်ငံတကာအဆင့်မီ စီမံခန့်ခွဲမှုနည်းစနစ်သစ်များကို လိုက်နာကျင့်သုံးလျက်ရှိပြီး လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးကိုလည်း အစဉ်အလေးထား ဆောင်ရွက်လျက်ရှိပါတယ်.....

ဂုဏ်ယူစွာဖြင့်

 

iso 450012018 2023
iso 140012015 2023
iso 90012015 2023

 

Gaungxi Liugong Machinery Co.,Ltd ၏ မြန်မာပြည်တစ်ဦးတည်း ကိုယ်စားလှယ်ဖြစ်သော ကျွန်တော်များ Aung Gyi Group Of Companies မှ တင်သွင်းသော အရည်အသွေးမြင့် ကမ္ဘာ့အဆင့်မီ Liugong Heavy Machinery စက်ကြီးများကို စဉ်ဆက်မပြတ် ဝယ်ယူအားပေးကြသော Customer လူကြီးမင်းများအား ကျေးဇူးတုံ့ပြန်သောအားဖြင့် နှစ်စဉ်မပျက် ကျင်းပပြုလုပ်လျှက်ရှိသည့် Liugong Service Campaign ကြီးကို ယခုနှစ်တွင် 15 November 2021 ( Monday ) မှ 15 December 2021 ( Wednesday ) အထိ တစ်လတိတိ ကျင်းပပြုလုပ်သွားမည် ဖြစ်ပါသည်။ ထို Service Campaign ကြီးတွင် လူကြီးမင်းများ၏ စက်များအား professional အင်ဂျင်နီယာကြီးများမှ Service စစ်ဆေးပေးခြင်း ၊ Filters များ လဲလှယ်ပေးခြင်းနှင့်အတူ လိုအပ်သော စစ်ဆေးဆောင်ရွက်မှုများကို 100 % အခမဲ့ပြုလုပ်ပေးမည့်အပြင် လက်ဆောင်ပစ္စည်းများကိုလည်း ကျေးဇူးတုံ့ပြန်သောအားဖြင့် ပေးအပ်သွားမည်ဖြစ်ကြောင်း သတင်းကောင်းပါအပ်ပါသည်ခင်ဗျာ။ လူကြီးမင်းတို့၏ စီးပွားလာဘ်လာဘများ တိုးတက်ပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်ခင်ဗျာ။

 

service campaign 01

zootemplate

Myanmar Society of Civil Engineers (MSCE)  နှင့် LIUGONG တို့  ၏ MOU SIGNING CEREMONY အား နေပြည်တော် သင်္ဂဟဟိုတယ်တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ ဆောက်လုပ်ရေးလုပ်ငန်းရှင်များ၊ Customer များ၊ ဌာနဆိုင်ရာလူကြီးများ တက်ရောက်ခဲ့ပါသည်။

Read more ...

zootemplate

AGGC (DANYINGONE OFFICE) တွင် JAC Motors မှ SALES & SERVICE TRAINING များအား ပြုလုပ်ခဲ့ပါသည်။ Professional Trainer များမှ  သင်တန်းများပြုလုပ်ပေးခဲ့ပါသည်။

Read more ...

zootemplate

နှစ်စဉ် ကျင်းပ ပြုလုပ်သည့် LIUGONG  SERVICE CAMPAIGN အား ၂၀၁၉ အောက်တိုဘာလ ၂၁ ရက်မှ နိုဝင်ဘာ ၂၀ ရက်နေ့အထိ တလတိတိ  ပြုလုပ်ခဲ့ပါသည်။ Customer များ ၏ စက်များအား အကောင်းဆုံးစစ်ဆေးပြုပြင်ပေးခဲ့ပါသည်။

Read more ...

Contact Us

No.153, Maung Than Street, Shwe Lin Pan Industrial City, Hlaing Thar Yar Township, Yangon.

(+ 95 9) 78 500000 1,  78 500000 2,
78 500000 3, 78 500000 4,  78 500000 5 
info@aungyigroup.com

Follow Us On